တခြားသော ဖုန်းခေါ်ဆိုမှု မှတ်တမ်း သည် အခမဲ့ ဖုန်းသံသွင်း ရန်ဖြစ်သည်။ ၄င်းသည် ပလေးစတိုးထဲရှိ အကောင်းဆုံး အသံသွင်း သုံးစရာများထဲမှ တစ်ခုအပါအ၀င်ဖြစ်သည်။ ၄င်း၏ ပေးစွမ်းနိုင်သော သွင်ပြင်လက္ခဏာ များမှာ -
- ရှာဖွေရန်
- နေ့စွဲဖြင့် အုပ်စုခွဲ အသံသွင်းမှတ်သားခြင်း
- အလိုလျောက် စာပို့ (အဆင့်မြင့်)
- မှတ်တမ်းဟောင်းများ အလိုလျောက် ဖျက်ခြင်း
- မိမိ မဖျက်လိုသော မှတ်တမ်းများကို အရေးကြီးစာရင်း ထည့်သွင်းခြင်း
- အစုလိုက် ရွေးချယ်၊ ဖျက်စီး၊ မေးလ်ဖြင့် ပို့နိုင်ခြင်း
- ဖုန်းအဆက်သွယ်စာရင်းရဲ့ အမည်နှင့် ဓာတ်ပုံကို ဖော်ပေးခြင်း
- နံပါတ်များ ဖျက်နိုင်ခြင်း
- အလိုလျောက် သို့မဟုတ် ကိုယ်တိုင် (အဆင့်မြင့်) ဖုန်းခေါ်ဆိုမှုကို မှတ်သားနိုင်ခြင်း
- မှတ်တမ်းများကို စကားဝှက်ဖြင့် ကာကွယ်နိုင်ခြင်း
- အသံသွင်းမည့် ပုံစံ အများအပြားရှိခြင်း
- နောက်ကျသော အသံသွင်းခြင်း ပြုလုပ်နိုင်ခြင်း
- နံပါတ်၊ အဆက်အသွယ်စာရင်း၊ စာရင်းမမှတ်ထားသူ သို့မဟုတ် ရွေးချယ်ထားသော အဆက်အသွယ်စာရင်း များဖြင့် မတူညီသော မှတ်တမ်းတင် စနစ်များ
- Dropbox နှင့် တွဲဆက်အသုံးပြုခြင်း (အဆင့်မြင့်)
- Google Drive နှင့် တွဲဆက်အသုံးပြုခြင်း (အဆင့်မြင့်)
- WebDAV နှင့် တွဲဆက်အသုံးပြုခြင်း (အဆင့်မြင့်)
- ဒါ့အပြင် များစွာသော ...
ACR ဖုန်းခေါ်ဆိုမှု မှတ်တမ်း သုံးစရာ ကို တခြားသော ဖုန်းမှတ်တမ်း သုံးစရာများနှင့် တွဲမသုံးရပါ။ ("app" ကို "သုံးစရာ" ဟုမြန်မာမှုပြုသည်) သင့်ဖုန်းနှင့် ကိုက်ညီသော အသံသွင်း ပုံစံအမျိုးအစားဖြစ်သော (ogg, 3gp, mp4, wav) ရွေးချယ် အသုံးပြုနိုင်ပါသည်။
အချို့သော ဖုန်းများသည် ဖုန်းအသံမှတ်သားရန် အထောက်အပံ့ ပေးထားခြင်းမရှိပါ။ ထိုသို့ဖြစ်ရခြင်းမှာ ၄င်းဖုန်း၏ မတူညီသော chipset/CPU အမျိုးအစားအသီးသီး/မော်ဒယ်အမျိုးအစား တို့ရဲ့ စွမ်းဆောင်နိုင်သည့် အပေါ် မူတည်ပါသည်။
ဥပဒေဆိုင်ရာ :
ကျွန်တော်တို့ဟာ ရှေ့နေတွေတော့ မဟုတ်ပါဘူးဗျာ။
တစ်ဖက်လူရဲ့ ခွင့်ပြုချက်မရဘဲ ဖုန်းအသံမှတ်တမ်းတင်ခြင်းသည် အချို့သောနိုင်ငံတွေမှာ တရားမ၀င်ပါ။